ရန်ကုန်တိုင်းဒေသကြီး

မှော်ဘီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ၊ တောင်သူများသို့ နေကြာမျိုးစေ့များနှင့် Drum Seeder များ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များနှင့် Drum Seeder များ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ တောင်သူ ဒေါ်အေးအေးပိုင်၏ လယ်တွင် ကျင်းပသည်။

သန်လျင်မြို့ မြို့ဟောင်းအရှေ့ရပ်ကွက် နေအိမ်မီးလောင်မှုဖြစ်ပွား

သန်လျင်ခရိုင် သန်လျင်မြို့ မြို့ဟောင်းအရှေ့ရပ်ကွက် ဘုရားနီလမ်းခြံအမှတ်(၁) နေအိမ်မီးလောင်မှု ယမန်နေ့ ည ၁၁ နာရီ ၃၆ မိနစ်က ဖြစ်ပွားသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) ရွာသာကြီးစက်မှုဇုန်တွင် စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း (၆၅၀) အား မီးငြှိမ်းသတ်နည်း အသိပညာပေး

စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ရွာသာကြီးစက်မှုဇုန် ဂရုဏာလမ်းရှိ King Leat ဖိနပ်စက်ရုံ၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် စက်ရုံ၊ အလုပ်ရုံဝန်ထမ်း (၆၅၀) ဦးအား အသိပညာပေး ဟောပြောမှုနှင့်အတူ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် မြို့တွင်းနှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၂ နာရီက ရွှေဆံတော်စေတီရှိ ဘဏ္ဍာတော်ထိန်းဂေါပကရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။

တိုက်ကြီးမြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ရန်အတွက် အကြိုကွင်းဆင်းတိုင်းတာ စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ တောင်သူဦးကြီးများ၏ လယ်ယာထွက်ကုန်ပစ္စည်းများ ‌ဈေးကွက်အတွင်းသို့ လွယ်ကူလျှင်မြန်စွာ သယ်ယူနိုင်စေရေး ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကတိုင်စိန်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ရန်အတွက် အကြိုကွင်းဆင်း တိုင်းတာစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ဆောင်ရွက်သည်။

အဖျောက်မြို့တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီးဖြစ်သဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိစေရေး ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အဖျောက်မြို့မဈေးတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မြတ်ပညာကိုယ်ပိုင်အထက်တန်းကျောင်းတွင် မီးသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ ဆောင်ရွက်သည်။

ကွမ်းခြံကုန်းမြို့နယ်၌ မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်မြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ လှူဒါန်းသော အကြိမ်(၂၀)မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာရေစက်ချ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကော့မှူးတွင် မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာရေစက်ချ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ လှူဒါန်းသောမြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာရေစက်ချအခမ်းအနားကို ယနေ့နံနက်၁၀နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

မှော်ဘီမြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့ များ၊ Drum Seeder များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာကြဲပက်စိုက်ပျိုးပွဲ

၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့နေကြာမျိုးစေ့များ၊ Drum Seeder များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာ ကြဲပက်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့နယ် ညောင်ကုန်းကျေးရွာတောင်သူဒေါ်အေးအေးပိုင်၏ လယ်မြေတွင် ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၃၁ ရက် နံနက် ၁၁နာရီက သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာ၌ ကျင်းပသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး