ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း လုံခြုံရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြပ်မတ်စစ်ဆေး

ဆိပ်ကြီးခနောင်တို ဇွန် ၂၂

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံ‌တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း လုံခြုံရေးနှင့် ယာဥ်စည်းကမ်းထိန်းသိမ်းရေးအတွက် မြို့နယ်အတွင်း မောင်းနှင်သွားလာလျက်ရှိသည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်များ သတ်မှတ်စည်းကမ်နှင့်အညီ စနစ်တကျ မောင်းနှင်သွားလာရေး ကြပ်မတ်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအရှေ့ရပ်ကွက်၊ စာတိုက်ရှေ့ ဗဟိုလမ်းတွင် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးတို့ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း မောင်းနှင်သွားလာလျက်ရှိသည့် ကား၊ ဆိုင်ကယ်များအား ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့် သတ်မှတ်အထောက်အထားများ ပြည့်စုံစွာ ပါရှိရေး၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများအား ဆိုင်ကယ်စီးဦးထုပ် စနစ်တကျတပ်ဆင်ပါရှိရေး၊ ဆိုင်ကယ်ကယ်ရီ မောင်းသူများအနေဖြင့် ခရီးသည် တစ်ဦးထက် ပိုမိုတင်ဆောင်မောင်းနှင်ခြင်း မပြုရေး၊ မြို့နယ်အတွင်း သတ်မှတ်အရှိန်နှုန်းဖြင့်သာ မောင်းနှင်ရေး၊ ဆိုင်ကယ်တွင် နောက်ကြည့်မှန် ပါရှိရေးနှင့် ယာဉ်အန္တရာယ်မဖြစ်စေရန် ဂရုစိုက်မောင်းနှင်ရေးတို့ကို စစ်ဆေးပညာပေးခဲ့ကြောင်း သိရသည်။

ဝေယံ (IPRD)