တိုက်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲကျင်းပ

တိုက်ကြီး ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်ုတိုင်းဒေသကြီးဥပဒေချုပ်ရုံးတို့က ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဦးဝင်းထွဋ်က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွင်း ဥပဒေအသိပညာ တတ်သိနားလည်ခြင်းဖြင့် လူမှုပတ်ဝန်းကျင်တွင် ပဋိပက္ခနှင့်အငြင်းပွားမှုများ လျော့နည်းစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ တိုက်ကြီးခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ၉၅ ဦး တက်ရောက်ပြီး သင်တန်းကို ၅ ရက်ကြာ နည်းပြလေးဦးက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)