ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်မြို့ Lotte Hotel ၌ စိန့်ပီတာစဘတ်နေ့အခမ်းအနား ကျင်းပ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ H.E. Mr.Evgeny Grigoryev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့ကနံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျုဟာလေ့လာရေးနှင့်လေ့ကျင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပ

နေပြည်တော်၌ ကျင်းပခဲ့သည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်ဆု(၃၀)ဆု၊ ငွေတံဆိပ်ဆု(၂၁)ဆု၊ ကြေးတံဆိပ်ဆု(၈)ဆု၊ ဂုဏ်ပြုဆု(၁)ဆုဖြင့် အဆင့်(၁)နေရာ ရရှိခဲ့သည့် အောင်ပွဲရပြိုင်ပွဲဝင်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမတွင် ကျင်းပခဲ့သည်။

အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators – AEO) အသိအမှတ်ပြုလက်မှတ်ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators – AEO) အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပသည်။

ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့၀င်၀န်ကြီးများ အလုံမြို့နယ် ရပ်ကွက်‌ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှုအား လိုက်လံကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ အလုံမြို့နယ်ရပ်ကွက်‌ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှုအား အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းက လိုက်လံကြည့်ရှုခဲ့သည်။

ပုဇွန်တောင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းအား ရပ်ကွက်များအလိုက်ကပ်ထား ကြေညာထားရှိမှုများအား  ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုနှင့်ပတ်သတ်၍ မဲဆန္ဒရှင်ပြည်သူများစာရင်းအား ရပ်ကွက်များ အလိုက် ကပ်ထားကြေညာထားရှိမှုကို အောက်တိုဘာ  ၁၂ ရက်နေ့ နံနက်ပိုင်း၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်သန်းနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

သန်လျင်မြို့၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ သန်လျင်၌ ကျင်းပ‌

သန်လျင်ခရိုင်၊ သန်လျင်မြို့၌ ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားလာစေရေးနှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်စေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အဆင့် အင်္ဂလိပ်စာဘာသာ ရပ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း မြနန္ဒာဆောင်၌ ကျင်းပခဲ့သည်။

ပန်းဘဲတန်းမြို့နယ်၌ မဲစာရင်းများမှန်ကန်မှုရှိ စေရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်ရည်ရွယ်၍ ယမန်နေ့ညနေပိုင်း လူထုအခြေပြုဗဟိုဌာနခန်းမ၌ သင်္ချာစွမ်းရည်ပြိုင်ပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့၀င်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များပေါ်ပေါက်လာပါက မြို့နယ်နေပြည်သူများအား လျင်မြန်စွာ အချိန်မီ ကူညီကယ်ဆယ်နိုင်ရေးအတွက် စွမ်းရည်ပြည့်၀သည့် မီးသတ်တပ်ဖွဲ့၀င်များ အသင့်ဖြစ်နေစေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့၀င်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

သုံးခွမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး