၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပ

အင်းစိန် အောက်တိုဘာ

နေပြည်တော်၌ ကျင်းပခဲ့သည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်ဆု(၃၀)ဆု၊ ငွေတံဆိပ်ဆု(၂၁)ဆု၊ ကြေးတံဆိပ်ဆု()ဆု၊ ဂုဏ်ပြုဆု()ဆုဖြင့် အဆင့်()နေရာ ရရှိခဲ့သည့် အောင်ပွဲရပြိုင်ပွဲဝင်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို အောက်တိုဘာ ၄ ရက်နေ့ မွန်းလွဲပိုင်းက မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမတွင် ကျင်းပခဲ့သည်။

ဂုဏ်ပြုကြိုဆိုပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်များအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ပန်းကုံးဆွတ်၍ တစ်ဦးချင်း ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ပြိုင်ပွဲများ၏ မှတ်တမ်း Video Clip အား ပြသပြီး ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အောင်ပွဲရ ပြိုင်ပွဲဝင်များနှင့် တက်ရောက်လာကြသူများအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အောင်ပွဲရ ပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများကရွှေရောင်လွှမ်းခြုံ တိုင်းရန်ကုန်သီချင်းဖြင့် သီဆိုခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်သူများ စုစုပေါင်း(၃၆၇)ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအပြီးတွင် အဆင့်()နေရာကို ထိုက်ထိုက်တန်တန် ရရှိနိုင်ခဲ့ကြောင်းနှင့် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအားလုံးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)