ရန်ကုန် အောက်တိုဘာလ ၁၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ H.E. Mr.Evgeny Grigoryev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့ကနံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျုဟာလေ့လာရေးနှင့်လေ့ကျင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် စိန့်ပီတာစဘတ်နေ့အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီတွင် ရန်ကုန်မြို့ Lotte Hotel ၌ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ H.E. Mr.Evgeny Grigoryev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံအမတ်ကြီး H.E. Mr. lskander Azizov၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျုဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန့်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာ စိန့်ပီတာစဘတ်မြို့၏ အထင်ကရနေရာများ၊ မြန်မာနိုင်ငံ၏ အထင်ကရနေရာများနှင့်ပတ်သက်သည့် ရုပ်သံမှတ်တမ်းများကို ပြသခဲ့ပြီးနောက် စိန့်ပီတာစဘတ်မြို့တော်ဝန် H.E. Mr. Alexander Beglov ၏ နှုတ်ခွန်းဆက်ရုပ်သံမိန့်ခွန်းကို ဖွင့်လှစ်ပြသခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ H.E. Mr.Evgeny Grigoryev နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအမတ်ကြီး H.E. Mr. lskander Azizov တို့က နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ ရုရှားရိုးရာအဆိုအကများဖြင့်လည်းကောင်း၊ ဘယ်လာရုစ်နိုင်ငံမှ အနုပညာရှင်များက တေးသီချင်းများဖြင့်လည်းကောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ အဆိုအကများဖြင့်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ မြန်မာ့ယဉ်ကျေးမှုအဆိုအကများဖြင့်လည်းကောင်း အသီးသီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ H.E. Mr.Evgeny Grigoryev တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရပန်းခြင်းများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ H.E.Mr.Evgeny Grigoryev တို့က အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။
ထို့နောက် စိန့်ပီတာစဘတ်နေ့အထိမ်းအမှတ် ဓာတ်ပုံပြပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ H.E. Mr.Evgeny Grigoryev နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအမတ်ကြီး H.E. Mr. lskander Azizov တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြသထားသည့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က Lotte Hotel Crystal Ballroom ၌ ဧည့်သည်တော်များနှင့် အခမ်းအနားတက်ရောက်လာကြသူများအား နေလယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဧည့်ခံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော် စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့က ဆုတောင်းစကားများ ပြောကြားကြကာ နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)