သန်လျင်မြို့၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ သန်လျင်၌ ကျင်းပ‌

ရန်ကုန် အောက်တိုဘာ ၁၄

သန်လျင်ခရိုင်၊ သန်လျင်မြို့၌ ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားလာစေရေးနှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်စေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အဆင့် အင်္ဂလိပ်စာဘာသာ ရပ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း မြနန္ဒာဆောင်၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲကို သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5 မှ Grade-9 ထိ အင်္ဂလိပ်စာဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို ကျောင်းသား/ကျောင်းသူ(၁၅၇)ဦး  ဖြေဆိုယှဥ်ပြိုင်ကြမည်ဖြစ်ပြီး (၁၄-၁၀-၂၀၂၅) မှ (၁၅-၁၀-၂၀၂၅) ထိ (၂) ရက်တာကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဖြိုးသီဟ(သန်လျင်)