ညောင်တုန်းမြို့နယ်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ

ညောင်တုန်း မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ဥတို‌ကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်က အဆိုပါ ကုန်ထုတ်လမ်း‌ဆောင်ရွက်ပြီးစီးသည့်အတွက် ကျေးရွာ (၁၂) ရွာရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးကိုများစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများမှ လမ်းရေရှည်တည်တံခိုင်မြဲရေးအတွက် ထိန်းသိမ်းကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်၊ အဖွဲ့ဝင်(၂) ဦးဇော်လွင်၊ အတွင်းရေးမှူး ရဲမှူးစိုးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကုန်ထုတ်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကျေးရွာကုန်ထုတ်လမ်းမှာ အရှည် (၇၇၀၀)ပေ၊ အကျယ် (၁၂)ပေနှင့် ထု (၉) လက်မရှိသည့် မြေရောကျောက်ခင်းလမ်းအမျိုးအစားဖြစ်ပြီး ညောင်တုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာ‌‌ရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့်  Diamond Trust Company က တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)