ကလော မတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီက အောင်ပန်းမြို့ အားကစားခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှေးဦးစွာ ကလောမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိက ကျန်းမာရေးနှင့်ပတ်သက်၍ ကလေးသူငယ်များ ရှောင်ရန်၊ ဆောင်ရန်အချက်များ အသိပညာပေး ဟောပြောခဲ့ပြီး အားကစားလေ့ကျင့်သင်ကြားနေသည့် ကလေးများအား ကျန်းမာရေးနှင့် ညီညွတ်သည့် ဓာတ်ဆားထုပ်များ ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ကျော့ကေခိုင်ထွန်းက နိုင်ငံကိုယ်စားပြု မျိုးဆက်သစ်အားကစားလူငယ်မောင်မယ်များ ပေါ်ထွက်လာစေရေးအတွက် လူငယ်ရေးရာအားကစားအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နွေရာသီကျောင်းပိတ်ရက်များတွင် စာအုပ်စာစောင်များ ဖတ်ရှု့၍ အချိန်ကိုအကျိုးရှိရှိ အသုံးချတက်စေရန်၊ စာပေဖတ်ရှု့ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးအကြောင်းနှင့် လူငယ်ရေးရာအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားသမားများအား ဗဟုသုတများတိုးပွားစေရေးအတွက် စာကြည့်တိုက်သမိုင်း အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအကြောင်း အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ အားကစားသမားများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)