ရှမ်းပြည်နယ်

မူဆယ်မြို့တွင် သိမ်းဆည်းထားသော အများပြည်သူစားသုံးရန်မသင့်သည့် Snow Beer(1023)PKGS ဖျက်ဆီးခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ သိမ်းဆည်းထားသော အများပြည်သူစားသုံးရန်မသင့်သည့် တရုတ်နိုင်ငံထုတ် Snow Beer(1023)PKGS ဖျက်ဆီးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ ရေနုတ်မြောင်းနှင့် ရေချောင်းများအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများအား အရေးယူမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရေနုတ်မြောင်း၊ ရေချောင်းများနှင့် လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့အမှိုက်စွန်ပစ်သူများအား တွေ့ရှိပါက စည်ပင်ဥပဒေနှင့် အရေးယူမည်ဖြစ်ကြောင်း ယမန်နေ့က တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ထုတ်ပြန်သည်။

ကလောမြို့၌ ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၌ ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ကလောခရိုင်/မြို့နယ်အဆင့် သင်္ကြန်ပွဲတော်ဖြစ်‌‌မြောက်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် ပွဲတော်ကျင်းပရေးလုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

လဲချားမြို့တွင် ဌာနဆိုင်ရာရုံးများအရောက်‌ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီအချိန်က Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးခဲ့​သည်။

ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ်၊ အခြေခံပညာအလယ်တန်းနှင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ/သင်တန်းဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ်၊ အခြေခံပညာအလယ်တန်းနှင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ/သင်တန်းကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သည်။

ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စကားထာပြိုင်ပွဲ ပြုလုပ်

လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်လူရွယ်များ စာကြည့်တိုက်ဆီသို့ ဝင်ထွက်သွားလာမှုများပြီး စာပေဖတ်ရှုသည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေပြီး ဗဟုသုတများပိုမိုကြွယ်ဝစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထု‌အခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက စကားထာပြိုင်ပွဲ ပြုလုပ်သည်။

၂၀၂၅ ခုနှစ်၊ မူဆယ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား မဟာသင်္ကြန် (အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲနှင့် နွေရာသီသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ မူဆယ်ခရိုင်အားကစား နှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား မဟာင်္ကြန် (အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲနှင့် နွေရာသီသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁၃ နာရီအချိန်က ပြည်ထောင်စုအားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ အလယ်တန်းအဆင့် အင်္ဂလိပ်စာအ​ခြေခံ (Grammar) သင်တန်း (အခမဲ့) ဖွင့်လှစ်

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​နွေရာသီ​ကျောင်းပိတ်ရက်များ၌ ​ကျောင်းသား၊ ​ကျောင်းသူ လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်​ရေးအတွက် ရည်ရွယ်၍ အလယ်တန်းအဆင့် အ​ခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းကို ယနေ့ ​နေ့လယ် ၁ နာရီက လူထုအ​ခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တာလေမြို့၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ့်ပိန်းကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နားယောင်းကျေးရွာအုပ်စု၊ နမ့်ပိန်းကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲမုခ်ဦးတွင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ နားဟီးကျေးရွာအုပ်စု၊ ဝါးလှကျေးရွာ၊ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် ကျောက်တလုံးကြီးမြို့၊ နားဟီးကျေးရွာအုပ်စု၊ ဝါးလှကျေးရွာ၊ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို အဆိုပါကျေးရွာတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Subscribe to ရှမ်းပြည်နယ်