မိုင်းဖြတ်မြို့နယ်၌ အလယ်တန်းအဆင့် အင်္ဂလိပ်စာအ​ခြေခံ (Grammar) သင်တန်း (အခမဲ့) ဖွင့်လှစ်

မိုင်းဖြတ် မတ် ၂၄ 

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​နွေရာသီ​ကျောင်းပိတ်ရက်များ၌ ​ကျောင်းသား၊ ​ကျောင်းသူ လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်​ရေးအတွက် ရည်ရွယ်၍ အလယ်တန်းအဆင့် အ​ခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းကို ယနေ့ ​နေ့လယ် ၁ နာရီက လူထုအ​ခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ​ဒေါ်​အေးဝင်းခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းပိတ်ရက်များ၊ အားလပ်ချိန်များတွင် မိမိတို့အတွက် အ​ထောက်အကူပြု​စေမည့် သင်တန်းများ ​လေ့လာသင်ယူနိုင်​ရေးနှင့်စပ်လျဥ်း၍ အမှာစကား​ပြောကြားခဲ့သည်။

ထို့​နောက် နည်းပြဆရာက သင်တန်းဆိုင်ရာ စည်းကမ်းချက်များနှင့် သင်ကြားမည့် သင်ခန်းစာများကို မိတ်ဆက်​ဆွေး​နွေးပြီး သင်တန်းကို ဆက်လက်ပို့ချခဲ့​သည်။ အဆိုပါ သင်တန်းကို မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်၍ သင်တန်းကာလမှာ မတ်လ ၂၄ ရက်မှ ဧပြီလ ၁၁ ​နေ့အတွင်း အ​ခြေခံအင်္ဂလိပ်စာ (Grammar) တွင် ပါဝင်သည့် (Tenses-12) မျိုး၊ ဝါစင်္ဂရှစ်မျိုး၊ Letter နှင့် Essay  ​ရေးနည်းအ​ခြေခံများကို စာ​တွေ့၊ လက်​တွေ့ သင်ကြား​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)