ပင်လောင်း မတ် ၂၅
လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်လူရွယ်များ စာကြည့်တိုက်ဆီသို့ ဝင်ထွက်သွားလာမှုများပြီး စာပေဖတ်ရှုသည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေပြီး ဗဟုသုတများပိုမိုကြွယ်ဝစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက စကားထာပြိုင်ပွဲ ပြုလုပ်သည်။
ပြိုင်ပွဲတွင် မြန်မာစကားထာ(၂၀)ခုကို ကွက်လပ်ဖြည့်ရေးဖြေစနစ်ဖြင့် လူငယ်လူရွယ်(၁၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အဆိုပါ စကားထာပြိုင်ပွဲတွင် အဖြေအများဆုံးမှန်ကန်စွာဖြေဆိုသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန ဦးစီးမှူးက ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်