တာလေ မတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နားယောင်းကျေးရွာအုပ်စု၊ နမ့်ပိန်းကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲမုခ်ဦးတွင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာချီလိတ်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အမာလွင်က ကုန်ထုတ်လမ်းသစ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လတ်၍ တာချီလိတ်ခရိုင်၊ ကျေးလတ်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်လဲ့လဲ့သင်းက ကျေးလတ်ကုန်ထုတ်လမ်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နားယောင်ကျေးရွာအုပ်စုဥက္ကဋ္ဌ ဦးအောင်ထန်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျေးလက်နေဒေသခံပြည်သူများမှ ကြွရောက်လာကြသော တာဝန်ရှိလူကြီးမင်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ တာလေမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နားယောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ထန်တို့က ကုန်ထုတ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ လမ်းခင်းကျင်းထားရှိမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ လမ်းသစ်ဖွင့်လှစ်သည် နမ့်ပိန်းကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာ(၂)ရွာရှိ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးထုတ်ကုန်များနှင့် အခြားသောကူးသန်းရောင်းဝယ်ရေးပစ္စည်းများ မြို့ပြသို့ အချိန်မီပို့ဆောင်နိုင်ရန်၊ လူမှုစီးပွားရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားလာမှုလွယ်ကူစေရန် ရည်ရွယ်၍ အရှည်(၁/၄)မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ကုန်ထုတ်လမ်းသစ်ကို နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးလရောင် (ပြန်/ဆက်)