နမ့်စန်မြို့၊ အမှတ် (၅) ရပ်ကွက်တွင် မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ရပ်ကွက်နှင့်ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၂ နာရီက အမှတ် (၅) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်းတွင် ဆောင်ရွက်ခဲ့သည်။