မိုးနဲမြို့နယ် သမဝါယမဦးစီးဌာနခန်းမ၌ မိုးစပါးစိုက်တောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

မိုးနဲ ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ မြို့နယ်သမဝါမဦးစီးဌာန ခန်းမစုရပ်နေရာ၌ ယမန်နေ့ ညနေ ၃ နာရီအချိန်က မိုးစပါးစိုက်ပျိုးတောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်‌ထွေးက လမ်းညွှန်အမှာစကားပြောကြားပေးခဲ့ပြီး သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌမှ ထပ်ဆင့်အမှာစကားပြောကြားပေးခဲ့သည်။ ဆက်လက်၍ အေးချမ်းစု၊ မောက်ခမ်းနှင့် ဝမ်ယေး စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းများအား သမဝါယမ ဦးစီးအရာရှိ၊ အသင်းစုဥက္ကဋ္ဌနှင့်တကွ အသင်းစုအတွင်းရေးမှူးတို့က သွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးအရာရှိမှ နိဂုံးချုပ်အမှာစကားများပြောကြားပေးခဲ့ကာ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြကြောင်းသိရသည်။

ဇင်ကိုကို