ရှမ်းပြည်နယ်

ကလောမြို့နယ်၊ ဘော်နင်းခေတ်မီစံပြကျေးရွာ၌ ကွန်‌ပေါင်းဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်နင်းခေတ်မီစံပြကျေးရွာ၌ ဇွန်လ ၁ ရက်နေ့ ညနေ ၃ နာရီက ရွှေဘော်နင်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ သက်တံ့ရောင်စီမံကိန်းဖြင့် ဒေသသီးနှံဂျင်းစိုက်ပျိုးသည့် အသင်းသား တောင်သူများအား တာဝန်ရှိသူများက ထောက်ပံ့ပေး အပ်ခဲ့သည်။

ကျောက်မဲမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုအထက်တန်းနှင့် အလယ်တန်း အဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) ကျောက်မဲမြို့၌ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ဇွန် ၂ ရက် မွန်းလွဲပိုင်းကအဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ကျောက်မဲမြို့၊ အထက (၁) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများ နေ့ချင်းပြီး ဆောင်ရွက် ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ် ဦးစီးမှူးရုံးမှ  မြို့နယ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်သည့် ဝန်ထမ်းများသည် ရက်(၁၀၀) လမင်းစီမံချက်အရ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) သီရိရတနာခန်းမ၌ ကျောင်းတက်ရောက်နေသည့်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာဖွင့်ပွဲအခမ်းအနား တက်ရောက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အိတ်ဖွင့်တင်ဒါအဆိုပြုလွှာဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၂)ရက်နေ့၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ တင်ဒါကော်မတီဝင်များ၊ တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဟိုပုံးမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့် ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

သီပေါမြို့၌ မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၌ ကလေးငယ်များရောဂါကင်း၍ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီက ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ ၂၀၂၆−၂၀၂၇ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် မြေကွက်များအတွက် မျိုးစေ့နှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၆−၂၀၂၇ ခုနှစ်၊ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းနှင့် မြေကွက်များအတွက် မျိုးစေ့နှင့်ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲကို  ယနေ့နံနက်(၁၀)နာရီက  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နောင်ချိုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ဖိတ်ခေါ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များထုတ်ပေးခြင်းကို ဇွန်လ ၂ရက် နံနက် ၉ နာရီအချိန်မှစ၍ အင်းဖိုကျေးရွာအုပ်စု၊မယ်ဟုန်ကျေးရွာအတွင်းရှိ ပြည်သူများအား ဖိတ်ခေါ်၍  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန(ယာယီ)ရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (မွေတော်) ၌ ကျောင်းဆောင်သစ်ဖဲကြိုးဖြတ် ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (မွေတော်) ၌ မောက်ကွမ်တိုင်း ကျောင်းဆောင်သစ်ဖဲကြိုးဖြတ် ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်