မိုင်းပျဉ်း ဇွန် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးပို့သော ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဒေါ်အယ်လ်ခွန်းမိုင်က ဂုဏ်ပြုမှတ်တမ်းလွှာရေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၅ ခုနှစ် စတုတ္ထအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပေးအပ်ကြရာ အဖွဲ့ဝင်တစ်ဦးချင်းစီမှ လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)