ပင်လောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းအပ်နှံမှု စတင်လက်ခံ
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုကို ယနေ့နံနက်ပိုင်းမှစ၍ စတင်လက်ခံပေးလျက်ရှိကြောင်းသိရသည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၁၄) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၁၂) ကျောင်း၊ အလယ်တန်းကျောင်း (၃၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁၆)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂၉) ကျောင်း၊ မူလတန်းကျောင်း(၁၆၆)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၃)ကျောင်း စုစုပေါင်း (၂၇၀) ကျောင်းဖွင့်လှစ်ပြီး၊