တာချီလိတ် မေ ၂၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းသိန်း၊ ခရိုင်/မြို့နယ် ဒုတိယပညာရေးမှူးတို့နှင့်အတူ အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)နှင့် အ.ထ.က(တာချီလိတ်)တို့တွင် ယနေ့နံနက်ပိုင်းမှစ၍ “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီသက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းအပ်နှံနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
တာချီလိတ်မြို့နယ်ရှိ အခြေခံပညာကျောင်း (၁၃၀) ကျောင်းတို့တွင် မေလ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဇွန်လ ၂ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)