ရှမ်းပြည်နယ်

ကျေးသီးမြို့နယ်၌ ၂၀၂၅ မိုးရာသီသစ်ပင်များ စိုက်ပျိုးနိုင်ရေး ပျိုးပင် (၁၅၀၀၀) ပျိုးထောင်ထားရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးသီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လာမည့်မိုးရာသီတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းကြောင့် အပူချိန်များ လျော့နည်းစေနိုင်ရေးအတွက် ပျိုးပင်ပေါင်း (၁၅၀၀၀) ပင်ကို ဖြန့်ဝေပေးနိုင်ရေးအတွက် ပျိုးထောင်ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက မိုင်းကိုးကျေးရွာအုပ်စု၊ အမှတ်(၁၀၀၉)နယ်ခြားစောင့်တပ်တွင် ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့၌ စာအုပ်စာပေချစ်မြတ်နိုးသော ဝါသနာတူကလပ်အသင်းအဖွဲ့များ စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသော ဝါသနာတူကလပ်အသင်းအဖွဲ့များသည် ယနေ့နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာဖေမြင့်ရေးသားသည့် “စဉ်းစားခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။

မိုင်းခုတ်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ ပြုလုပ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို မိုင်းခုတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ကျေးရွာအုပ်စု(၃)စုတို့မှ အ.မ.ကနောင်တုံ၊ အ.မ.က(ဝမ်ကတ်)နှင့် အ.မ.က(ဟိုခန့်)စသည့် ကျောင်းများမှ ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်(၉) နာရီမှစတင်၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မား၍ ဗဟုသုတရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ‌ဆောင်ရွက်ခဲ့သည်။

မိုင်းနောင်မြို့ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံခြင်းများ စတင်လက်ခံဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ယနေ့ နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများ စတင်လက်ခံနေပြီဖြစ်ကြောင်း သိရှိရသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား/ကျောင်းသူးများအား ကျောင်းအပ်လက်ခံ

ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ် နှင့်အညီ ၂၀၂၅ ခုနှစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းစ၍ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်စတင်လက်ခံ ဆောင်ရွက်ပေး လျက်ရှိသည်။

ပုံပါကျင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်  အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှစတင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၌ စာကြည့်တိုက်နည်းပညာသင်တန်း(၁/၂၀၂၅) Digital Library Management System (DLMS) အသုံးပြုနည်း သင်တန်းဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့ရုံးတို့မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအား Digital Library စနစ်အသုံးပြုတတ်စေရန်ရည်ရွယ်၍ Digital Library Management System (DLMS) အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

မိုင်းဆတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်