ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်‌ ကျောင်းအပ်နှံခြင်းများ စတင်ဆောင်ရွက်

ကလော မေ ၂၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးများအားလုံး အခြေခံပညာသင်ယူရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်စတင်လက်ခံနေပြီဖြစ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက် ၉ နာရီအချိန်မှစ၍ KG တန်းမှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ကလောမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း ၁၀ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၁ ကျောင်း၊ အလယ်တန်းကျောင်း ၁၆ ကျောင်း၊ အလယ်တန်း(ခွဲ) ၂၁ ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၃၃)ကျောင်း၊ မူလတန်း ၁၀၂ ကျောင်း၊ မူလတန်း(ခွဲ) (၇)ကျောင်း၊ စုစုပေါင်း ၂၀၀ ကျောင်းရှိပြီး ယနေ့ မေလ ၂၂ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများ ၄၀၃၂  ဦး လာရောက်ကျောင်းအပ်နှံလျပ်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံများအား KG တန်းမှ Grade-5 အထိကို ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုများကို မေလ ၂၂ ရက်နေ့မှစတင်ကာ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်းနှင့် ၂၀၂၅ ခုနှစ် ဇွန်လ(၂)ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)