ရှမ်းပြည်နယ်

မိုင်းယန်းမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မွေးကင်းစကလေးငယ်များအပါအဝင် အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကျိုင်းဟင်ရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေ (၃၅၄၆၀)ကောင် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးသွားသည့် ငါးမွေးကန်များအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေ (၃၅၄၆၀)ကောင် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စု၊ တွံတီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်စက်မှုဇုန်ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် အေးသာယာစက်မှုဇုန်ရှိ ထိခိုက်ပျက်စီးသည့် Steel Filo ပြုပြင်ရန် ဆောင်ရွက်ထားမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် စက်မှုဇုန်ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီး၊ အေးသာယာစက်မှုဇုန်ရှိ စိန်ငွေမြ ပြောင်းအခြောက်ခံစက်ရုံ၏ တန် (၈၀၀၀) ဆံ့ ပြောင်းသိုလှောင် သည့် Steel Filo ထိခိုက်ပျက်စီးမှု ပြုပြင်ရန် ဆောင်ရွက်ထားမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းနှင့် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းနှင့် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၃ ရက်နေ့နံနက် ၉ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မက်မန်းမြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၅)ဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ကြီးမှူးဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မက်မန်းမြို့ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် မိုင်းသောက်ပရဟိတဂေဟာ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် လူငယ်လူရွယ်များ၊ အခြေခံပညာ ကျောင်းသား/ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်အတွက် အခြေခံပညာကျောင်းများ၊ ပရဟိတဂေဟာများနှင့် ကျေးရွာများသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာရှိ မိုင်းသောက်ပရဟိတဂေဟာ၌ ဆောင်ရွက်ခဲ့သည်။

မိုင်းခတ်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် တိုက်ကျွေးထိုးနှံပေးကြောင်း သိရသည်။

ပင်လောင်းမြို့၌ မွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန ကျန်းမာရေးဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ရင်းမှီးရပ်ကွက်အတွင်းရှိ မွေးစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များနှင့်ကိုယ်ဝန်​ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် ပြောင်းစိုက်ခင်းများ စတင်စိုက်ပျိုးလျက်ရှိပြီး ခူးဆွတ်ရောင်းချချိန်၌ ဈေးကောင်းရရန် တောင်သူများမျှော်လင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ပြောင်းစိုက်ခင်းများ စတင်စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးကုန်ကျစရိတ် မြင့်ခဲ့ခြင်းကြောင့် တောင်သူများ အနေဖြင့် သီးနှံရောင်းချချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။

ခိုလမ်တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက်  စာအုပ်၊ စာစောင်များကို နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
Subscribe to ရှမ်းပြည်နယ်