ကလော ဇွန် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းနှင့် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၃ ရက်နေ့နံနက် ၉ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပြီး ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းနှင့် ဝန်ထမ်းသားသမီးများမှ တက္ကသိုလ်တက်ရောက်နေသည့် ဝန်ထမ်း ၁၁ ဦးအတွက် တစ်ဦးလျှင်ငွေကျပ် ၁၀၀၀၀ဝိ/- နှုန်းဖြင့်လည်းကောင်း၊ ဝန်ထမ်း သားသမီးများဖြစ်သည့် မူလတန်း၊ မူကြို ၊ KG တန်းမှ ကျောင်းသား/ကျောင်းသူ ၁၀ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ဝိ/- ကျပ်နှုန်းဖြင့်လည်းကောင်း ၊ စုစုပေါင်း(၂၁)ဦးအတွက် ငွေကျပ်(၁၆၀၀၀၀ဝိ/)သိန်းနှင့် (၁)ဦးလျှင် ကျပ် ၁၅၀၀ဝ တန်ဖိုးရှိ စာအုပ်နှစ်ဒါဇင်နှင့် ကျပ်(၅၀၀ဝဝိ/)တန်ဖိုးရှိ ကျောင်းသုံးကျော ပိုးအိတ်(၁)လုံး၊ စုစုပေါင်း (၂၁)ဦးအတွက် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ငွေကျပ် (၁၆၈၀၀၀ဝိ)အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)