ရှမ်းပြည်နယ်

မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သောနေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လဲချားမြို့နယ် အ.လ.က(၁)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် အ.လ.က(၁)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

မိုင်းဆတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ(၅)နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့နေ့လယ် ၂ နာရီက မိုင်းဆတ်မြို့ အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မိုင်းယန်းမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မွေးကင်းစကလေးငယ်များအပါအဝင် အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကျိုင်းဟင်ရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေ (၃၅၄၆၀)ကောင် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးသွားသည့် ငါးမွေးကန်များအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေ (၃၅၄၆၀)ကောင် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စု၊ တွံတီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်စက်မှုဇုန်ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် အေးသာယာစက်မှုဇုန်ရှိ ထိခိုက်ပျက်စီးသည့် Steel Filo ပြုပြင်ရန် ဆောင်ရွက်ထားမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် စက်မှုဇုန်ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီး၊ အေးသာယာစက်မှုဇုန်ရှိ စိန်ငွေမြ ပြောင်းအခြောက်ခံစက်ရုံ၏ တန် (၈၀၀၀) ဆံ့ ပြောင်းသိုလှောင် သည့် Steel Filo ထိခိုက်ပျက်စီးမှု ပြုပြင်ရန် ဆောင်ရွက်ထားမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းနှင့် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းနှင့် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၃ ရက်နေ့နံနက် ၉ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မက်မန်းမြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၅)ဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ကြီးမှူးဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မက်မန်းမြို့ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် မိုင်းသောက်ပရဟိတဂေဟာ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် လူငယ်လူရွယ်များ၊ အခြေခံပညာ ကျောင်းသား/ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်အတွက် အခြေခံပညာကျောင်းများ၊ ပရဟိတဂေဟာများနှင့် ကျေးရွာများသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာရှိ မိုင်းသောက်ပရဟိတဂေဟာ၌ ဆောင်ရွက်ခဲ့သည်။

မိုင်းခတ်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် တိုက်ကျွေးထိုးနှံပေးကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်