မိုင်းဖြတ်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျိုးပင်ပေါင်း ၈၀၀ကျော်စိုက်ပျိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သဘာဝပတ်ဝန်ကျင်စိမ်းလန်းစိုပြေရေးအတွက်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက အ.လ.က(ခွဲ) ၂၂၁ စာသင်ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။