ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် သံလွင်တံတား (တာဆန်း) တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ဒေသဖွံ့ ဖြိုးရေး (လမ်းတံတား) များ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ပြည်နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် (၉) နာရီက လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်ရှိ သံလွင်တံတား (တာဆန်း) တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။