တန့်ယန်း ဇွန် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မိုင်းကောင်ကျေးရွာအုပ်စု လားဟူရွာသစ်၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအိုက်ပေါင်းအောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကြိုတင်ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာများ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)