ရှမ်းပြည်နယ်

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မိုင်းပန်-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ်လမ်းမ လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌နေဝင်းအောင်နှင့် အဖွဲ့သည် ယမန်နေ့က မိုင်းပန်-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ်လမ်းမ လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး သိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဆိုင်းဖယ်အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၊ အ.ထ.ကကျောင်း၌ ဒီဇင်ဘာလ ကျောင်းတွင်းအားကစားပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာလ ကျောင်းတွင်းအားကစားပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်စ၍က အဆိုပါကျောင်းရှေ့စဝ်စံထွန်းလမ်းနှင့် တပ်နယ်ဘောလုံးအားကစားကွင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်‌နေ့မွန်းလွဲ ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။

ပင်လုံမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ပင်လုံမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့တွင် “ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရန် ရည်ရွယ်၍ “ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်ကို ယမန်နေ့က လူစည်ကားရာ‌ နေရာဖြစ်သောကားဂိတ်နှင့် မြို့မဈေးတို့တွင် သွားရောက်ဖြန့်ဝေခဲ့သည်။

သီပေါမြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု ပညာပေးလက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက စတင်ဖြန့်ဝေဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မက်မန်းမြို့တွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင် ဖြန့်ဝေ

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို ယမန်နေ့က မက်မန်းမြို့ပေါ် ရပ်ကွက်များတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

မိုင်းရှူးမြို့၌ “ဒို့အတူတူမဲပေးကြမည်” လက်ကမ်းစာစောင် ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက စျေးဆိုင်ခန်းများနှင့် လူစည်ကားသည့်နေရာများ၌ လိုက်လံဖြန့်ဝေသည်။

ကျောက်တလုံးကြီးမြို့တွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဖြန့်ဝေလျက်ရှိသည်။
Subscribe to ရှမ်းပြည်နယ်