ရှမ်းပြည်နယ်

ကျေးသီးမြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သစ်တောဦးစီးဌာနမှ ‌ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် ယနေ့နံနက် ၈ နာရီက ကျေးသီးမြို့၊ ဝမ်ကန်ရပ်ကွက်ရှိ နောင်ကောစေတီကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၂) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော် (ကြည်း)ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

အ-ထ-က (နမ့်စန်) တွင် ကျောင်းသားကျောင်းသူများကို ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများအတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) တွင် ဆောင်ရွက်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ဟောင်ဟင်-နမ့်ကုန်း-အင်ပါကူလမ်းနှင့် အိုက်လုံ-အိုက်ငို့လမ်း ဘေးတို့တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၅) ကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုင်းခတ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က မိုင်းခတ်မြို့၊‌ မြို့နယ်ပညာ‌ရေးမှူးရုံးရှိ စာဖတ်ပရိသတ်များထံ စာအုပ်များ ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အ.ထ.က(နမ့်စန်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်လင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ကျန်းမာရေးဌာနတို့က ယနေ့နံနက်ပိုင်းမှစတင်၍ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Pfizer JN-1 ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျှက်ရှိသည်။

ပင်းတယမြို့နယ်၌ ဂျင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကအခြေခံ၍ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးရောင်းချလျက်ရှိရာ မိုးဦးကျကာလစိုက်ပျိုးခဲ့သည့် ဂျင်းစိုက်ခင်းများယခုအခါ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းအား ယနေ့နံနက်(၈)နာရီကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်