ရှမ်းပြည်နယ်

နောင်ချိုမြို့နယ်တွင်  မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို မေလ ၁၂ ရက်နေ့မှစ၍ ထုတ်​​ချေးပေးလျက်ရှိရာ ယမန်နေ့က ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ခိုလမ်မြို့တွင် လျှပ်စစ်ဓါတ်အားလိုင်းပြုပြင်ထိန်းသိမ်း စစ်ဆေးခြင်းများ ဆောင်ရွက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လျှပ်စစ်အင်ဂျင်နီ ယာရုံးမှ မိုးရာသီကာလ ဓာတ်အားပြတ်တောက်မှုမရှိစေရေး၊ ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာတွင် အဆင်ပြေစေရန်နှင့် လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဓါတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းစစ်ဆေးခြင်း လုပ်ငန်းများကို ဇွန်လ ၇ ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ မိုင်းဖြတ်မြို့နယ်၌ ပြည်သူ့ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်‌‌ဆေး

ရှမ်းပြည်နယ်ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် ဇွန်လ ၆ ရက်က တာဝန်ရှိသူများ လိုက်ပါ၍ မိုင်းဖြတ်မြို့နယ်ရှိ ပြည်သူများအနားယူအပန်း‌ဖြေနိုင်ရန်နှင့် အာကစားလေ့ကျင့်ခန်းများ လုပ်နိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ပင်လုံမြို့၌ အမှတ်(၄)ရပ်ကွက် နောင်ပန်လမ်း၊ ဖွံ့​​ဖြိုးလမ်း၊ နောင်ပန်လမ်းသွယ် ကတ္တရာလမ်းသစ်ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းရေစက်ချပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (​တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ အမှတ်(၄)ရပ်ကွက် နောင်ပန်လမ်း၊ဖွံ့​​ဖြိုးလမ်း၊ နောင်ပန်လမ်းသွယ်ပေ လမ်းအရှည်(၂၃၀၀)ပေ/လမ်းအကျယ်(၁၂)ပေ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၌ဆောင်ရွက်ခဲ့သည်။

​ကျောက်မဲမြို့နယ်၌ ဒေသကြက်ကောင်ရေ ၈၀ အား လည်လိမ်ရောဂါကာကွယ်ဆေး တိုက်ကျွေး

​ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသကြက်မွေးမြူရေးခြံများသို့ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

 မိုင်းဖြတ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းကို ဇွန်လ ၆ ရက်နံနက်ပိုင်းက နားမွန်းကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့သည်။ 

ကျောက်မဲမြို့၌ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက် အထားများ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်သည့် ဝန်ထမ်းများသည် ရက်(၁၀၀)

ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ကျိုင်းတုံမြို့သာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ သာယာလှပရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဇွန် ၅ ရက်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

မိုင်းပန်မြို့နယ် တုံတစ်ကျေးရွာ၌ ၂၀၂၆ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာဆိုင်ရာအကြီးအကဲများ၊ ရုံးဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသား/သူများနှင့် ကျေးရွာနေပြည်သူများတို့က တုံတစ်ကျေးရွာ၌ ၂၀၂၆ခုနှစ် မိုးရာသီပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

မူဆယ်မြို့တွင် ရက် (၁၀၀)စီမံချက်ဖြင့် မူဆယ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ကွင်းဆင်း၍ (အခမဲ့) ဆေးကုသပေး

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် မူဆယ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်(ဟိုနားရပ်)တွင် နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်းကို ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်