မိုင်းဖြတ် ဇွန် ၇
ရှမ်းပြည်နယ်ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် ဇွန်လ ၆ ရက်က တာဝန်ရှိသူများ လိုက်ပါ၍ မိုင်းဖြတ်မြို့နယ်ရှိ ပြည်သူများအနားယူအပန်းဖြေနိုင်ရန်နှင့် အာကစားလေ့ကျင့်ခန်းများ လုပ်နိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် ရှမ်းပြည်နယ် စည်ပင်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက မိုင်းဖြတ်နဂါးကုမ္ပဏီမှ ဆောင်ရွက်သည့် ပြည်သူ့ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ဈေးဆိုင်ခန်းများ ဆောက်လုပ်နေမှု အခြေအနေများ၊ ပြည်သူ့ပန်းခြံအတွင်း သန့်ရှင်းသာယာလှပရေး လုပ်ငန်းများနှင့် ပန်းခြံအတွင်း အားကစားပစ္စည်းများတပ်ဆင်ထားရှိသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးဌာန၌ ဝန်ထမ်းများနှင့်တွေ့ဆုံကာ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က မြို့နယ်အတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)