ရှမ်းပြည်နယ်

မိုင်းယောင်းမြို့နယ်၌ စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်၊ ဆီ၊ ဆေး ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် အမှတ်(၄)ရပ်ကွက် ဟိုခုံပရိယတ္တိစာသင်တိုက်၌ ယနေ့နေ့လယ် ၁ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်၊ ဆီ၊ ဆေး ဆက်ကပ်လှူဒါန်းပွဲကျင်းပကြောင်း သိရသည်။

လဲချားမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်စိုက်ခင်းများအတွက် မျိုးစေ့နှင့် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ စပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်စိုက်ခင်းများအတွက် မျိုးစေ့နှင့်ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါဦးစီးဌာနရုံးခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။

ဆီဆိုင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆီဆိုင်မြိုနယ်အတွင်း ဘေးသင့်ပြည်သူများ စီးပွားရေးလုပ်ငန်း ပြန်လည်ထူထောင်လာနိုင်ရန်အတွက် “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” ဆင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ပင်လုံမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟော​ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့ အခြေခံပညာမူလတန်းကျောင်း(မြို့မ)၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံများပြသခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် အခြေခံပညာမူလတန်းကျောင်း(မြို့မ)၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့(အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံများပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လုံတက္ကသိုလ် အထူးပြုဘာသာရပ်‌ ပေါင်းစုံကာယအလှမယ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ဘက်စုံခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက ကလောမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့အထိမ်းအမှတ် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ကာလိမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာစီ စာကုံးပြိုင်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ယနေ့ နံနက် (၉) နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းအမှတ်စဉ်(၉) အား ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းအမှတ်စဉ်(၈)အား ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ဖွင့်လှစ်သည်။
Subscribe to ရှမ်းပြည်နယ်