ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် မိုးကောင်းမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများမှ စိတ်ပါဝင်စားစွာ ဆန္ဒမဲပေး
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံများတွင် ဇန်နဝါရီလ(၁၁)နံနက် (၆)နာရီမှစတင်ကာ မဲဆန္ဒရှင်ပြည်သူများမှ စိတ်ပါဝင်စားစွာ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။