ရှမ်းပြည်နယ်

မောက်မယ်မြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲ အခမ်းအနားကို သြဂုတ်လ ၆ ရက်နေ့ နေ့လယ် ၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉နာရီခွဲအချိန်က  ဌာနဆိုင်ရာရုံးများထံ သွားရောက်အခမဲ့ငှားရမ်းပေးခဲ့ကြသည်။

ရက်စောက်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရပ်စောက်၊ ကျောက်စိမ်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြို့လုံးကျွတ် ဝါတွင်းကာလ အရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲ ကျင်းပ

ဗုဒ္ဓသာသနာတော် ထာဝစဉ် အဓွန့်ရှည်တည်တံ့စေရန်နှင့် ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ ဆွမ်းကွမ်းကိစ္စများ အဆင်ပြေစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး မြို့လုံးကျွတ် ဝါတွင်းကာလ ပဥ္စမအကြိမ် အရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲကို ယမန်နေ့နံနက် ၅ နာရီအချိန်တွင် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ၊ သာသနာလင်္ကာရကမ္ဗောဇသာသနာ့ဗိမ္မာန်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ညောင်ရွှေမြို့ အခြေခံပညာအထက်တန်းကျောင်း(ခေါင်တိုင်)၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ ဆောင်ရွက်

၂၀၂၅-ခုနှစ် ပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မဟော်သဓာမြတ်ပညာကိုယ်ပိုင်ထက်တန်းကျောင်း၊ ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော “လူငယ်နှင့် Social Media အကြောင်းသိကောင်းစရာ” လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ ချင်းတွင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် အင်းလေးဖောင်တော်ဦးဘုရားပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ညောင်ရွှေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများလိုက်ပါ၍ ညောင်ရွှေမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ ယခုနှစ်သီတင်းကျွတ်ကာလတွင် ဖောင်တော်ဦးဘုရားပွဲတော် ကျင်းပပြုလုပ်နိုင်ရေးကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့နံနက် ၉ နာရီခွဲက လိုက်လံကြည့်ရှုခဲ့သည်။

မိုင်းနောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ၊ မူကြိုသားငယ်၊ သမီးငယ်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ ဗီတာမင်(အေ)မျက်စိအားတိုးဆေးနှင့် သန်ချဆေးတိုက်ကျွေးခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် မူကြိုသားငယ်၊ သမီးငယ်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ ဗီတာမင်(အေ)မျက်စိအားတိုးဆေးနှင့် သန်ချဆေး တိုက်ကျွေးခြင်းများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Subscribe to ရှမ်းပြည်နယ်