ကွန်ဟိန်း ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကို ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီမှ စတင်၍ မဲရုံများ ဖွင့်လှစ်ပြီး ကျင်းပလျက်ရှိရာ မဲရုံအသီးသီး၌ ပြည်သူများ စနစ်တကျတန်းစီ၍ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲလာပေးနေမှုအား နမ့်စန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးသက်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးဝင်းနိုင်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်တွင် ရပ်ကွက်(၅)ရပ်ကွက်၊ ကာလိမြို့တွင် ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၄)အုပ်စု၊ ကျေးရွာပေါင်း(၁၃၈)ရွာ၊ မဲရုံ(၄၇)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၅၂၂၁)ဦးခန့်ရှိပြီး သက်ဆိုင်ရာမဲရုံများတွင် ပြည်သူများ လွတ်လပ်အေးချမ်းစွာ မဲပေးကြကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း(၂)ဦး၊ ပြည့်သူလွှတ်တော် ကိုယ်စားလှယ်လောင်း(၂)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(၈)ဦး၊ ဗမာတိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ အင်းသားတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စား လှယ်လောင်း(၃)ဦး၊ လီဆူးတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၂)ဦး၊ လားဟူတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၄)ဦး၊ စုစုပေါင်း ၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခွန်ရဲထွေး