ရှမ်းပြည်နယ်

ကလောမြို့၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများတွင် လိုအပ်လျက်ရှိသည့် Unique ID များ အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်

နိုင်ငံတော်၏ တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံဝန်ထမ်း(အငြိမ်းစား)များတွင် လိုအပ်လျက်ရှိသည့် UID (Unique  Indentity) စနစ်ဖြင့် Smart Card ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလောမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက ကလောမြို့၊ အမှတ်(၃) ရပ်ကွက်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အိမ်တိုင်ရာရောက် Home Stop Service ဆောင်ရွက်ပေးနေမှုကို ကလောခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးတင်ထွန်းက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပအိုဝ်းရိုးရာဝတ်စုံ စက်ချုပ်(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် ပအိုဝ်းရိုးရာအမျိုးသမီးဝတ်စုံ စက်ချုပ်နည်းပညာ(မွမ်းမံ)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ရပ်စောက်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရပ်စောက်၊ ကျောက်စိမ်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီခွဲအချိန်က မိုင်းခတ်မြို့၊ ‌မြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးရှိ စာဖတ်ပရိသတ်များထံ စာအုပ်များ ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မေးမြန်းဖြေကြား အောင်မြင်သူတို့၏ ရင်တွင်းစကား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဘာသာတွဲအလိုက်ဖြေဆိုသူ ကျောင်းသား (၂၆) ဦး၊ ကျောင်းသူ (၄၉) ဦး စုစုပေါင်း (၇၅) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင်လ၂၇ ရက်က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာနအသီးသီးတွင်  ထုတ်ပြန်ကြေညာခဲ့ပြီး မိုင်းဖြတ်စာစစ်ဌာနမှ ကျောင်းသား (၁၀) ဦး ကျောင်းသူ (၂၃) ဦး စုစုပေါင်း (၃၃) ဦး ဖြေဆိုအောင်မြင်ခဲ့၍  (၄၄.၀၀) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်မှတ်တမ်းများအရ သိရသည်။ အဆိုပါအောင်မြင်သူများအနက် ၃ ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင်တစ်ဦး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် မိုင်းဇင်း အထက (ခွဲ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျောင်းသား၊ bကျောင်းသူများ  စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေး စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့က ကျင်းပကြောင်းသိရသည်။ ဟောပြောပွဲတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်သီသီဝင်းတို့က ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝလာမည်ဖြစ် ကြောင်း၊ အားလပ်သည့်အချိန်များတွင် စာပေဖတ်ရှုလေ့လာကြရန်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ကလေးလုပ်ပသမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောသည်။

ကွန်ဟိန်းမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေးလုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် ၈ နာရီအချိန်က လမ်းသွား လမ်းလာ ကျောင်းသား/ သူလေးများအား အသိပညာပေးလုပ်ငန်းတစ်ခုဖြစ်သည့် နံရံကပ်စာစောင် ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ၂၀၂၅ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများစတင်ထုတ်ချေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခြင်းကို ယမန်နေ့နေ့လယ် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ စတင်ထုတ်ချေးပေးခဲ့သည်။
Subscribe to ရှမ်းပြည်နယ်