နမ့်စန်မြို့ ပြည်သူ့ဆေးရုံတွင် မျက်စိဝေဒနာရှင်ပြည်သူများကို မျက်စိအခမဲ့စမ်းသပ်စစ်ဆေးကုသခြင်းများ စတင်ဆောင်ရွက်ပေးလျက်ရှိ
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့် နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံ ၊ မြို့မိမြို့ဖများစုပေါင်း၍ မျက်စိဝေဒနာရှင်ပြည်သူများအား အခမဲ့စမ်းသပ်စစ်ဆေးကုသခြင်းလုပ်ငန်းများကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။