ရှမ်းပြည်နယ်

တာချီလိတ်မြို့ အ.ထ.က(ခွဲ) ရန်အောင်မြေကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရန်အောင်မြေတွင် ကျင်းပပြုလုပ်သည်။

မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG မှ Grade-4 ကျောင်းသား/ကျောင်းသူ များအား ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် KG ကျောင်းသား/ကျောင်းသူများကို အာဟာရကျွေးမွေးခြင်းကို ဩဂုတ်လ (၂၅) ရက်နေ့က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ညောင်ရွှေမြို့နယ်၌ ဒေသခံပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ မြန်မာအီလက်ထ‌‌ရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက အင်းလေးဒေသအတွင်းရှိ ကေလာကျေးရွာအုပ်စု၊ ကေလာကျေးရွာ၌ ပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားတို့၏ ရိုးရာစုပေါင်းဒန်းစီးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော အာခါတိုင်းရင်းသားတို့၏ ရိုးရာ စုပေါင်းဒန်းစီးပွဲတော်ကို ဩဂုတ်လ ၂၅ ရက်နေ့က အမေ့ရင်ခွင်ကျောင်းတော်တွင် ကျင်းပသည်။

မိုင်းယုမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် အသိပညာပေးဟောပြော

မျက်မှောက်ကာလတွင် ဆက်သွယ်ရေးနည်းပညာများတိုးတက်လာမှုကို အခွင့်ကောင်းယူပြီး လိမ်လည်မှုဖြစ်စဉ်များ ကျူးလွန်နိုင်သဖြင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာများကို သိရှိနိုင်ရေးအတွက် ဆင့်ပွားအသိပညာပေးဗီဒီယိုပြသခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

နောင်တရားမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ပြည်သူ့ကျန်းမာရေးဌာနနှင့် ကလေးမိဘများ စုပေါင်း၍ ကလေးငယ်တိုင်း ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရများစားသုံးနိုင်စေရေး၊ ပြုမှုနေထိုင်တက်စေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းတွင် စည်ကားသိုက် မြိုက်စွာကျင်းပသည်။

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ကေလာကျေးရွာ၌ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲကွင်းဆင်းဆောင်ရွက်

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ၏ ဒေသဖွံ့ဖြိုးရေးစီမံချက်အရ ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲကို ယမန်နေ့ နံနက်(၉)နာရီက အင်းလေးဒေသ ကေလာကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဆီဆိုင်မြို့ အ.ထ.ကကျောင်း၌ ကျောင်းကောင်စီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိ အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

မိုးနဲမြို့နယ်၌ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက် အသိပညာပေးခြင်းနှင့် မဲပေးစက်ဖြင့် လက်‌တွေ့စမ်းသက်သရုပ်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဥယျာဉ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံစုရပ်နေရာ၌ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက် အသိပညာပေးခြင်းနှင့် မဲ‌ပေးစက်ဖြင့် လက်တွေ့စမ်းသက် သရုပ်ပြခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လဲချားမြို့ ဟိုရင်ရပ်ကွက်နေ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့ ဟိုရင်ရပ်ကွက်နေ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဟိုရင်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်