ရှမ်းပြည်နယ်

လဲချားမြို့နယ်တွင် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် (၇၉) နှစ်မြောက် ရှမ်းပြည်နေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီတွင် သီရိဟံသာခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် လုံခြုံရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်ူတင့်ကလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင်စည်သူ ဦးအောင်အောင်ထံမှပေးပို့ လာသည့် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းထွန်းဦးကလည်းကောင်း ဖတ်ကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

မက်မန်းမြို့တွင် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့တွင် ရောက်ရှိသည့် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရပ်စောက်၌ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် (၇၉) နှစ်မြောက်ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး အစည်း‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့၌ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါကျောင်ရှိ ယုဇနခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

မိုင်းခတ်မြို့နယ်၌ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပသည်။

ပင်လောင်းမြို့၌ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်သည်။

လားရှိုးမြို့တွင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ အပတ်စဉ် (၃၄) သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လားရှိုး)၏ အပတ်စဉ် (၃၄) သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအား အဆိုပါကျောင်း၌ ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

မိုင်းဆတ်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟော‌ပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၆ ခုနှစ်‌ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်