မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)နှင့် တောင်ကြီးမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ
မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)နှင့် တောင်ကြီးမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲနှင့် အမျိုးသားစာပေတစ်သက်တာဆုရှင် ဦးသိန်းသန်းထွန်း၏ မပန်းပွင့်မိုးနှင့် အခြားကဗျာများ စာအုပ်ပေးအပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။