ရှမ်းပြည်နယ်

လင်းခေးမြို့နယ် ပညာရေးမှူးဖလား အခြေခံကျောင်းပေါင်းစုံ (U-13/U-15) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

မျိုးဆက်သစ် ထူးချွန်အားကစားသမားများ မွေးထုတ်နိုင်ရန်၊ ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်ကောင်းမွန်သည့် ကျောင်းသား/ကျောင်းသူများ ပေါ်ထွက်လာစေရန်၊ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန်၊ Team Work/Group Work လုပ်ငန်း များတွင်အများနှင့် ဆက်သွယ်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုအားကောင်းလာစေရန်နှင့် ကောင်းမွန်သောနိုင်ငံကြီး သားပီသမှုစိတ်ဓာတ်(Good Citizenship)ရင့်သန်လာစေရန်ရန်ဟူသည့် ရည်ရွယ်ချက်အားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့က မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်း စုံ(U-13/U-15) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်ငြိမ်းအေးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့၌ ခရိုင်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

လွိုင်လင်မြို့၊ မူလတန်းကြိုကျောင်းခန်းမတွင် MCCT အာဟာရ အသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် လွိုင်လင်မြို့ မူလတန်းကြိုကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက MCCT အာဟာရ အသိပညာပေး ဆင့်ပွားသင်တန်းကျင်းပရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဦးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

တာလေမြို့၌ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က  ရန်ကင်းကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်၌ အသက် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် ပုံနေကျေးရွာအုပ်စုသို့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား ကိုင်ဆောင်ခွင့်လက်မှတ်တစ်ခုခုရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးသည်။

မိုးနဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ လစဉ် ၃ ရက်နေ့တိုင်း မွေးစမှ အသက် (၁၀) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းခတ်မြို့တွင် မွေးကင်းစမှ အသက် (၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မွေးကင်းစမှအသက် (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် တိုက်ကျွေးထိုးနှံပေးကြောင်း သိရသည်။

လွိုင်လင်မြို့နယ် ဘောလုံးအဖွဲ့ချုပ်နာယကဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် မြို့နယ်ဘောလုံးအဖွဲ့ချုပ်နာယကဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား ( အလွတ်တန်း) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၃) နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

မိုင်းရှူးမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၈)နာရီခွဲအချိန်က အမှတ်(၄)ရပ်ကွက်၊အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

နမ့်စန်မြို့တွင် ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ကြည့်ရှုအားပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နယ်မြေခံတပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ပန်လင်းကျေးရွာအုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် ဆောင်ရွက်ခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
Subscribe to ရှမ်းပြည်နယ်