ရှမ်းပြည်နယ်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ကျုံးရွာမ မွေတော်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည့် MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနားသို့ တက်ရောက်

‎‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စု၊ ကျုံးရွာမမွေတော်ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့၌ ကျေးရွာနေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ အသိပညာပေးကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြည်သူများသို့ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်‌တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဝမ်ခုတ်ကျေးရွာအုပ်စု၊ ပင်းကွေကျေးရွာရှိ‌ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌‌ ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်ခြင်းနှင့် မဲပေးခြင်းအသိပညာပေးသင်တန်းဖွင့်ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်ခြင်းနှင့် မဲပေးခြင်းအသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ကျိုင်းတုံမြို့၌ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ပြည်တွင်းအခွန်ဦးစီးဌာန၌ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁ ရက်နေ့က ကျင်းပခဲ့သည်။

နမ့်စန်မြို့တွင်  စကားရည်လုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မိုးရိပ်ရှမ်းတောင်လူမှုကူညီရေးအသင်းတို့ပူးပေါင်းဆောင်ရွက်သော မိုးရိပ်ရှမ်းတောင်(၂)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စကားရည်လုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီကစတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျင်းပခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ‌အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၌ မြို့နယ်အဆင့် ကျောင်းအားကစားလူရွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံမှ (၁၄) ကြိမ်မြောက်၊ ဆီးဂိမ်းအားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့်လူရွေးပွဲကို ယနေ့နံနက် ၉ နာရီခန့်က အမှတ်(၃) ရပ်ကွက်ရှိ တပ်နယ်အားကစား ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

မိုင်းစံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲမေးစက်(MEVM)နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက် မိုင်းစံအခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

နမ့်စန်မြို့နယ် ဝမ်ပုံကျေးရွာနှင့်တိုင်းကောင်ကျေးရွာတို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက နမ့်စန်ကျေးရွာအုပ်စုရှိ ဝမ်ပုံကျေးရွာတွင်လည်းကောင်း နေ့လယ်ပိုင်းတွင် လွိုင်ယဲကျေးရွာအုပ်စုရှိ တိုင်းကောင်ကျေးရွာတို့တွင်လည်းကောင်း အသီးသီးပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် မိုင်ဟိုင်းကျေးရွာအုပ်စု ဆိုင်းဖြေရွာ၌ မဲ‌ဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောအနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုင်ဟိုင်းကျေးရွာအုပ်စု ဆိုင်းဖြေရွာ ဌာနေပြည်သူ့စစ်ခန်းမနေရာ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်