ရှမ်းပြည်နယ်

လားရှိုးတွင် ၂၀၂၅ ခုနှစ်၊ ပြည်နယ်အဆင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးတွင် စက်တင်ဘာလ (၈) ရက်နေ့ ယနေ့တွင် ကျရောက်သည့် ၂၀၂၅ ခုနှစ်၊ ပြည်နယ်အဆင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘာဇခန်းမတွင် ကျင်းပသည်။

တောင်ကြီးမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး Bill Board စိုက်ထူပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ နောင်လေကျေးရွာအုပ်စု၊ မဲသောင်းကျေးရွာ၊ တောင်ကြီး - ဟိုပုံးလမ်းရှိ (၄) မိုင် စစ်ဆေးရေးဂိတ်၌ ယမန်နေ့နံနက် ၈ နာရီက  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်မည့် (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို လူကုန်ကူးမှုအသိပညာပေး Bill Board စိုက်ထူပွဲအခမ်းအနား ကျင်းပသည်။

မိုင်းတုံမြို့၌ သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးသူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ ယနေ့ ညနေပိုင်းက မိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန(CC)ခန်းမ၌ သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) ကျင်းပ

ရှမ်းပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅)ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

ရှမ်းပြည်နယ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

၂၀၂၅ခုနှစ်၊ ရှမ်းပြည်နယ် (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲကို စက်တင်ဘာလ(၇)ရက်၊ နံနက်(၉)နာရီအချိန်တွင် တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ပုံပါကျင်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ  စာဖတ်ပရိတ်သတ်များထံသို့ လက်၀ယ်အရောက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး

‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယမန်နေ့နေ့လယ်(၂)နာရီက အမှတ်(၂)ရပ်ကွက်အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ် ဝမ်ပိန်း၊ ဟိုင်းနားကြီးနှင့် မိုင်းစိတ်ကျေးရွာအုပ်စုတို့တွင် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေး၍ လက်တွေ့စမ်းသပ်မဲပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ရပ်ကွက်နှင့်ကျေးရွာများတွင် နေ့စဉ်ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဝမ်ပိန်းကျေးရွာအုပ်စုရှိ ပန်လင်းဆိုင်ကျေးရွာတွင်လည်းကောင်း နေ့လယ်ပိုင်းတွင် ဟိုင်းနားကြီးကျေးရွာအုပ်စုရှိ တုံမုံကျေးရွာနှင့် မိုင်းစိတ်ကျေးရွာအုပ်စုရှိ မိုင်းစိတ်ကျေးရွာတို့တွင်လည်းကောင်း အသီးသီးပြုလုပ်ခဲ့သည်။

ပင်လောင်းမြို့နယ်၌ တိုးတက်ခိုင်မာအားသည့် လူမှုအသိုက်အဝန်းဖော် ဆောင်ရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းပြီး တိုးတက်ခိုင်မာသော လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ပင်လောင်းကြီးကျေးရွာအုပ်စု ပင်လောင်းကြီးအရှေ့ရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

က‌လောမြို့နယ်၌ သမ၀ါယမအသင်း လီမိတက်မှ မိုးစပါး စိုက်ပျိုးထားရှိမှု အ‌ခြေအ‌နေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်‌တောင်ပိုင်း၊‌ က‌လောမြို့နယ်၊‌ ‌ ဘော်နင်းကျေးရွာအုပ်စု၊‌ ညောင်ခါးရှည်ကျေးရွာရှိ စီမံကိန်းသီးနှံ(သက်တံ့‌ရောင်စီမံကိန်း)စိုက်ပျိုးလျက်ရှိသည့် ဘုရားပျို စိုက်ပျိုး‌ရေးနှင့် အ‌ထွေထွေလုပ်ငန်းသမ၀ါယမအသင်း လီမိတက်မှ မိုးစပါး စိုက်ပျိုးထားရှိမှု အခြေအနေအား စက်တင်ဘာလ ၇ ရက်‌နေ့ နံနက် ၁၀ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်း‌ကြည့်ရှုခဲ့‌ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ မြို့နယ်အဆင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် မြို့နယ်အဆင့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
Subscribe to ရှမ်းပြည်နယ်