ရပ်စောက် ဇန်နဝါရီ ၁၉
ရှေးဦးစွာခမ်းအနားကို မြို့နယ်အဆင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ပြောင်းလုပ်ငန်းအသင်း(ခွဲ) ရပ်စောက်မြို့နယ် ပြောင်းလုပ်ငန်းအသင်းမှစီစဉ်၍ ဂွတ်(ဒ်)ဘရားသား(စ်)ကုမ္ပဏီမှ ကျင်းပပြုလုပ်သော တောင်သူအကျိုးပြုကုန်ပစ္စည်းအရောင်းပွဲတော်အခမ်းအနားကို ယမန့်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှု၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းပြခဲ့ကြသည်။
ဆက်လက်၍ ရပ်စောက်မြို့နယ် ပြောင်းလုပ်ငန်းအသင်းကိုယ်စားအတွင်းရေးမှူး ဦးရဲထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဘဏ်မှလုပ်ဆောင်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် Good Brother Company ကိုယ်စား ဦးစိုးကျော်သူမှ ကျေးဇူးတင်စကားပြောကြားကာ Kubota Myanmar ကုမ္ပဏီနှင့် GBS ကုမ္ပဏီမှ တာဝန်ရှိသူများက ကုမ္ပဏီအကြောင်းနှင့် ထုတ်ကုန်များအား အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာသော ဧည့်သည်တော်များနှင့် ကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူများက သိလိုသည်များကို မေးမြန်းကာ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကာ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းနှင့် ကံစမ်းမဲများ ဖောက်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)