မိုင်းဖြတ် ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဆွပ်ပလောင်၊ တာကျောက်၊ ဆိုင်းလေ၊ မော်ဝိန်းကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အသိပညာပေးဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးအတွက် တောင်ယာမီး၊ တောမီးများမရှို့ရေး၊ ပူးပြင်းခြောက်သွေ့သည့် နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလိုက်နာဆောင်ရွက်ရေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က လယ်ယာထွက်စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာပြုလုပ်၍ ရေရှည်တည်တံ့သည့် တောင်ယာလှေခါးထစ်စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများတွင် စနစ်တကျပြန်လည်အသုံးပြုနိုင်ရေး ရှင်းလင်ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်းက မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအီလျံက မြေယာပိုင်ဆိုင်မှုလုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်နိုင်က စွန့်ပစ်အမှိုက်များကို မီးမရှို့ဘဲ သဘာဝမြေဩဇာအဖြစ် အသုံးပြုရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးက တောမီးလောင်ကျွမ်းမှုအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေးကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသူများကို မီးခိုမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)