ရှမ်းပြည်နယ်

တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း မိုင်းပတ်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ကျေးရွာများအထိပါ ကွင်းဆင်းဆောင်ရွက်နေရာ စက်တင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းက မိုင်းပတ်ကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။

မိုင်းရယ်မြို့ အ.လ.ကတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့၌ အခြေခံပညာကျောင်းအလယ်တန်းကျောင်း (မိုင်းရယ်)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်အား ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်သည်။

ကွန်ဟိန်းမြို့(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် စာပေဝါသနာရှင်တို့ပူးပေါင်း၍ စာရေးဆရာ ထွန်းလှိုင်(မြိုင်) ရေးသားထားသည့် “ကြုံကြိုက်လို့ပါဆရာရယ်နှင့် မွေးမြူရေးဝတ္ထုတိုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံပညာ ကျောင်းသား အားကစားပွဲတော်ကို စက်တင်ဘာ ၁၈ ရက်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် အားကစားကွင်း၊ ကျိုင်းတုံမြို့၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

လားရှိုးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်အဆင့်-၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မိုးစပါးစိုက်ခင်းများအတွင်း ပိုးမွှားရောဂါကျရောက်မှုမရှိ‌စေရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ယခုနှစ် မိုးရာသီစိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများအား ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် နောင်မြိုင်းကျေးရွာအုပ်စု၊ ကင်တုံကျေးရွာ တောင်သူဦးစိုင်းမြင့်၏ လယ်ကွင်းနေရာတွင် ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် ဆိုင်းဖယ်အခြေခံပညာမူလတန်းလွန်ကျောင်း ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုက်ဟိုင်းကျေးရွာအုပ်စု၊ ဆိုင်ဖယ်အခြေခံပညာမူလတန်းလွန်ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ထူးချွန်စွာအတန်းတက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက ဘက်စုံပညာကိုရည်တို့လှမ်းချီ တေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့သည်။

ဆီဆိုင်မြို့နယ်စည်ပင်သာရေးဌာနမှ မြို့မဈေးတွင် အုတ်စီရေမြောင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၅-၂၀၂၆ ဘာဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆီဆိုင်မြို့၊ အောင်သပြေရပ်ကွက်၊ မြို့မဈေး(တောင်ဘက်)၊ သစ္စာလမ်းတွင် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ Mobile Library နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များကို ယနေ့နံနက်(၁၀)နာရီအချိန်က နယ်လှည့်ကွင်းဆင်းငှားရမ်း ပေးလျက်ရှိကြောင်း သိရသည်။

ပင်လုံမြို့ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်နှင့်ဆိုရှယ်မီဒီယာ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော “လူငယ်နှင့်ဆိုရှယ်မီဒီယာအကြောင်း သိကောင်းစရာ” လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Subscribe to ရှမ်းပြည်နယ်