မက်မန်းမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များနှင့် ဆက်စပ်ပစ္စည်းများအား ထုတ်ပေး
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တတိယပိုင်း(အပိုင်း-၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးစက်များ သိုလှောင်ထိန်းသိမ်းထားသည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မဲပေးရာတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များနှင့် ဆက်စပ်ပစ္စည်းများအား ယမန်နေ့နံနက် ၉ နာရီအချိန်က ထုတ်ပေးခဲ့ကြောင်း သိရသည်။