မိုးနဲမြို့နယ်၌တွင် ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေး မဲပေးစက်သင်တန်း ဆောင်ရွက်

မိုးနဲ ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမစုရပ်နေရာ၌ ယနေ့နံနက် ၉ နာရီအချိန်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၃ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲပေးစက်သင်တန်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) ဦးစီးအရာရှိ ဦးအောင်ကိုကိုဝင်းက ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ မဲရုံတာဝန်ရှိသူများ၊ စက်ကိုင်များအား ‌မဲပေးစက်နှင့်ပတ်သက်သည့် ရှောင်ရန်အချက်များ၊ ပြုလုပ်ထားသင့်သည့်အချက်များ၊ မဲမပေးမီ မဲပေးစက်အားလုပ်ဆောင်ထားရမည့် အချက်များနှင့် မဲရုံဝန်ထမ်းများ အထူးပြုလိုက်နာရမည့်အချက်များအား ရှင်းလင်းဆွေးနွေးပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် မဲရုံ ၂၃ ရုံ ကျိုင်းတောင်းမြို့တွင် မဲရုံ ၁၆ ရုံပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်ကိုကို