ကျေးသီးမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး စက်ကိုင်ကြမည့် တာဝန်ရှိသူများအား MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်း ဖွင့်လှစ်

ကျေးသီး ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများအား MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ကျေးသီးမြို့နယ်ခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းတွင် နည်းပညာအထောက်အကူပြုအဖွဲ့ ဦးသက်ငြိမ်းချမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇေယျာနိုင်တို့က မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ စုစုပေါင်း အင်အား (၄၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)