မောက်မယ်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UIDထုတ်ပေးခြင်း ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ အများပြည်သူများ၏ အခြေခံလိုအပ်ချက်အရရှေးရှု၍ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းအခမ်းအနားနှင့် UID နံပါတ်ကတ်ပြားများဆောင်ရွက်ပေးခြင်းကို မေလ၁၃ရက်နေ့ နေ့လယ်၁နာရီတွင် အခြေခံပညာအထက်တန်းကျောင်း ဆရာ/ဆရာမနားနေဆောင်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။