မိုင်းပျဉ်းမြို့‌နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲကျင်းပ

မိုင်းပျဉ်း ဇွန် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Placement Test (အထူးအစီအစဉ်)စာမေးပွဲကို ယနေ့နံနက်(၉)နာရီက အ.ထ.က-စာစစ်ဌာန၌ ကျင်းပခဲ့သည်။

စာမေးပွဲမစတင်မီ အခန်း(အတွင်း/အပြင်) စောင့်ဆရာမများနှင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူတို့အား ကြီးကြပ်သူ အ.ထ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က စာမေးပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာမေးပွဲကိုစတင်ဖြေဆိုကြရာ မိုင်းပျဉ်းမြို့နယ်အ‌နေဖြင့်‌ Grade-6တွင် ကျောင်းသား(၁)ဦး၊  Grade-4တွင် ကျောင်းသူ(၁)ဦး၊ စုစုပေါင်းဖြေဆိုသူ(၂)ဦးရှိပြီး၊ အတန်းအလိုက် သတ်မှတ်စာဖြေနေရာတို့တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြသည်။ ၎င်း Placement Test(အထူးအစီအစဉ်)စာမေးပွဲကို (၁၅-၆-၂၀၂၆)ရက်နေ့မှ (၂၀-၆-၂၀၂၆)ရက်နေ့အထိ ဘာသာရပ်အလိုက် ဖြေဆိုသွားရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)